ကွန်ပျူတာ Security ဘာသာရပ်နှင့်ပတ်သက်လို့

1 minute read

Published:

ဘာလို့ လေ့လာသင့်တာလဲ

အင်တာနက်ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေရှာတယ်၊ ဈေး၀ယ်တယ်၊ ငွေလွှဲတယ်၊ ဆည်တွေထိန်းချုပ်တယ် စတဲ့ အစိုးရလုပ်ငန်း စီးပွားရေးလုပ်ငန်းတွေကို ကွန်ပျူတာပေါ်မှာ စိတ်ချရုံကြည်စွာ လုပ်နိုင်ဖို့ နဲ့ ကွန်ပျူတာ အသုံးပြုသူတွေကိုအားလုံးကို ကူညီနိုင်ဖို့ ကွန်ပျူတာ Security ဘာသာရပ်ကို လေ့လာသင့်ပါတယ်။

ဘယ်လို ကူညီနိုင်မှာလဲ

ကွန်ပျူတာ Security ဘာသာရပ်ကိုကျွမ်းကျင်သူ အနေနဲ့ ကွန်ပျူတာ အသုံးပြုသူတွေကို ဟက်ကာတွေ ရန်ကနေ ကာကွယ်ပေးနိုင်ပါမယ်။

ဟက်ကာတွေက ဘယ်လို အန္တရာယ် ပေးတာလဲ

ဟက်ကာ အမျိုးအစားကို လိုက်ပြီး အန္တရာယ်ပေးနိုင်ပုံချင်း ကွာပါတယ်။ ဟက်ကာ အမျိုးအစား အကြမ်းဖျင်းအားဖြင့် သုံးမျိုး ရှိပါတယ်။ Script Kiddies လို့ခေါ်တဲ့ လက်တည့် စမ်းတဲ့ သူတွေ၊ ပိုက်ဆံရှာဖို့ ရည်ရွယ်ချက်နဲ့ ဟက်ကာ လုပ်တဲ့ Professional Hacker တွေ၊ State Sponsored Hacker လို့ခေါ်တဲ့ မိမိနိုင်ငံရဲ့ အရေးကြီး သတင်းအချက် အလက်တွေရှိ တဲ့ ကွန်ပျူတာ စနစ်တွေ ဘယ်လောက် လုံခြုံမှု ရှိမရှိ စစ်ဆေးဖို့နဲ့ Spy လုပ်ငန်းအတွက် အစိုးရက ငှားထားတဲ့ သူတွေပါ။ လက်တည့်ဆော့တဲ့ သူတွေက လွယ်လွယ်ကူကူ ရနိုင်တဲ့ ဟက်လုပ်တဲ့ script တွေ software တွေကိုတင်ပြီး ကွန်ပျူတာ Password ခိုးတာတို့ စတာတွေလုပ်ပြီး အနှောက်အယှက်ပေးတာပါ။ Professional Hacker တွေကတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ ဖုံးတွေ ကို ဘယ်လို၀င်ရောက် မွှေနှောက် ရမလဲဆိုတာကို နည်းအမျိုးမျိုး နဲ့ လုပ်နိုင်တဲ့ ကွန်ပျူတာ အထူး ကျွမ်းကျင်သူတွေပါ။ သူတို့ တွေက ဖောက်ထွင်း ၀င်ရောက်ထာ:တဲ့ ကွန်ပျူတာတွေကို အဝေးထိန်းပြီး အထဲမှာရှိတဲ့ အရေးကြီ: သတင်း အချက်အလက်တွေ ရောင်းစားတာတို့၊ သူတို့ထိန်းချုပ်ထားတဲ့ ကွန်ပျူတာတွေကိုသုံးပြီး တစ်ခြားနိုင်ငံ တစ်နိုင်ငံ ရဲ့ အရေးကြီး ကွန်ပျူတာစနစ် တွေကိုဖျက်စီးတာတို့ စတဲ့ အလုပ်တွေလုပ်ပြီး ပိုက်ဆံရှာတဲ့သူတွေပါ။ State Sponsored Hacker ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ စစ်ဆင်ရေး နည်းဗျူဟာတွေ၊ ထုတ်လုပ်မှု နည်းပညာတွေကို ခိုးယူဖို့ သတင်းရဖို့ လုပ်ပါတယ်။

ဘာတွေ လေ့လာရမှာလဲ

Hacking ကိုလေ့လာရပါမယ်။ တစ်ကယ်တန်းတော့ Security Engineer, Security Researcher ဆိုတာ ကွန်ပျူတာစနစ်နဲ့ Network အထူးကျွမ်းကျင်ပြီး ဘယ်လိုဖောက်ထွင်း ထိန်းချုပ်ရမလဲသိတဲ့ ကောင်းသော ရည်ရွယ်ချက် ရှိတဲ့ Hacker တွေပါ။

ဘယ်လိုလေ့လာရမှာလဲ

ကွန်ပျူတာ စနစ် အလုပ်လုပ်ပုံ၊ Network နှင့် Programming အခြေခံကို နားလည်အောင်လုပ်ပြီ: လက်တွေ့ များများလုပ်ရင်းနဲ့ ကိုယ်တိုင် လေ့လာတာက အထိရောက်ဆုံးပါ။ မိမိကိုယ်တိုင် လက်တွေ့လုပ်ပြီးသင်ယူမှုက ၇၀ ရာခိုင်နှုန်းနဲ့ စာဖတ်တာက ၃၀ ရာခိုင်နှုန်းက အထိရောက်ဆုံးပါ။ အင်တာနက်မှာ အများကြီး သင်ယူနိုင်ပါတယ်။ လက်တွေ့ လုပ်ရင်း အတူတူ သင်ယူနိုင်ဖို့ Tutorial တွေများများတင်နိုင်အောင် ကြိုးစားပါမယ်။ အဓိကက Self Study နဲ့ Practical ပါ။

အလုပ်အကိုင် အခွင့်အလမ်းကော ကောင်းရဲ့ လား

တော်တော် ကောင်းပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ကွန်ပျူတာ Security ကျွမ်းကျင်သူ ရှားလို့ အလုပ်အကိုင် အခွင့်အလမ်း ကောင်းပါတယ်။ Security Engineer, Researcher, Consultant စတဲ့ အလုပ်တွေက ၀င်ငွေလည်းကောင်းပါတယ်။ တော်ဖို့ပဲလိုပါတယ်။ များများလေ့လာပါ သင်ယူပါ။ အားလုံး ကံကောင်းကြပါစေ။